MNP - မေ ၃
၂၀၂၂ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွှဲပိုင်းက မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးအောင်ကြည်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဗုဒ္ဓရုပ်ပွားတော်များအား ရောင်တော်ဖွင့်ကုသိုလ်ယူခြင်း၊ ဘုရားပန်းများ အသစ်လဲလှယ် ကပ်လှူပူဇော်ခြင်း၊ စေတီတော် လုံးတော်ရေဆေးခြင်း၊ ရင်ပြင်တော်ရေဆေးခြင်း၊ ဘုရားဝန်းပုရဝဏ်အတွင်း သန့်ရှင်ရေးပြုလုပ်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ခင်လေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment