MNP - မေ ၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မဲဆန္ဒ ရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာ နိုင်(၄) ရိုက်သွင်းခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ပြုစုနိုင်ရေး၊ ကိုင်ဆောင် လက်မှတ်နံပါတ်များ မှန်ကန်မှုရှိစေရေးတို့အတွက် ရည်ရွယ်၍ နိုင်ငံသားကိုယ်ရေးမှတ်တမ်းအချက်အလက် နိုင်(၄) မှတ်တမ်းများအား Computer Software Program အသုံးပြု၍ စာရင်းရေးသွင်းခြင်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ဧပြီလ(၄)ရက်နေ့မှစတင်၍ ဌာနဆိုင်ရာများဖြင့် မှတ်တမ်းရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း e-ID စနစ်ဖြင့် နိုင်(၄)မှတ်တမ်းစာရင်းရေးသွင်းရန် လူဦးရေ(၄၅၆၉၀)ဦးအား သတ်မှတ်ရက်အတွင်းပြီးပြတ်အောင် မှတ်တမ်းထည့်သွင်း ဆောင်ရွက်နိုင်ရေးအတွက် လျာထားလျက်ရှိပြီး တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွန်ပျူတာ(၁၀)လုံးဖြင့် မှတ်တမ်းရေးသွင်းခဲ့ရာ မေလ (၃) ရက်နေ့အထိ လူဦးရေ (၄၀၁၅၀)ဦး မှတ်တမ်းရေးသွင်းပြီးစီးကြောင်း သိရသည်။
အဆိုပါစနစ်ဖြင့် မှတ်တမ်းရေးသွင်းခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးတို့ကဦးဆောင်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှဝန်ထမ်းများကပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
သတင်း - အေးမဉ္ဇူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment