MNP - မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီးတွင် မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသန့်ဇင်မင်းနှင့် သန့်ရှင်းရေးအဖွဲ့ဖြစ်သော သန္ဓေ/အရန်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအင်အား (၇၀) ဦး တို့က စုပေါင်း၍ ဘုရားရင်ပြင်ပေါ်တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဝန်းအတွင်း အမှိုက်များ တံမြက်စည်းလှဲခြင်းများဆောင်ရွက်ခဲ့ကြပြီး မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment