မတ္တရာမြို့နယ်၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲကျင်းပ

 




MNP - မေ   ၂

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များတာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ မိမိတို့ ဌာနအလိုက် စီမံကိန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ စီမံကိန်းလုပ်ငန်းများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဇော်လင်းသိန်းမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက် တာဝန်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယု၊ အဖွဲ့ဝင်(၂) ဦးမောင်မောင်သန်း၊ အဖွဲ့ဝင်(၃) လဝက ဦးစီးမှူး ဦးစန်းနောင်နှင့် အတွင်းရေးမှူး မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းထိန်တို့မှ  ကဏ္ဍအလိုက်ပေးအပ်ရာ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - စိုးကျော်သူထွေး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)