ပန်းတောင်းမြို့နယ် ဆင်တဲအုပ်စုတွင် လေပြင်းများ တိုက်ခတ်သဖြင့် ကြက်ခြေနီအသင်းမှ ကယ်‌ဆယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် ဆင်တဲအုပ်စုတွင် လေပြင်းများ တိုက်ခတ်သဖြင့် ကြက်ခြေနီအသင်းမှ ကယ်‌ဆယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်း

 


MNP - မေ   ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဆင်တဲအုပ်စုတွင် အောင်ချမ်းသာကွက်သစ်၌ မေ ၃၀ ရက်ညနေ့ပိုင်းအချိန်တွင် လေပြင်းများ တိုက်ခတ်သဖြင့် ကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်ဆင်တဲအုပ်စု အောင်ချမ်းသာကွက်သစ်တွင် နေအိမ်(၁၈)လုံး အမိုးလန်ခြင်း/ နေအိမ်(၅)လုံးပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးသွားသော နေအိမ်(၅)လုံး၏ မိသားစုဝင်များအား မြန်မာနိုငံကြက်ခြေနီအသင်းကြီးမှ လှူဒါန်းပေးသော ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးပါ အနီရောင်ပုံးတစ်ပုံးနှင့် သောက်ရေသန့်ပုံး တစ်ပုံးစီကို ပန်းတောင်းမြိုနယ် ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများမှ သွားရောက်လှူဒါန်းကာ နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)