MNP ၊ မေ ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်(၃)ခုတွင် သတ်မှတ်ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား မေလ (၉)ရက်၊ (၁၀)ရက်နှင့် (၁၁)ရက်နေ့များတွင် ကျေးရွာများသို့ ကွင်းဆင်း ထိုးနှံဆောင်ရွက်ပေးခဲ့ရာ Phase-8နှင့် Phase-9 Covaxin ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံမှုတွင် (၇၈၇)ဦး၊ Phase-1နှင့် Phase-2 Covidshield ကာကွယ်ဆေး (တတိယအကြိမ်) ထိုးနှံမှုတွင် (၅၃၄)ဦး၊ Phase-10 Covaxin (ပထမအကြိမ်) ထိုးနှံမှုတွင် (၁၅)ဦးတို့က စုရပ်နေရာများသို့ လာရောက်ထိုးနှံ ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကျေးရွာအရောက် ကွင်းဆင်းထိုးနှံရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment