ပေါင်မြို့နယ် သာသနာ့ဗိမာန်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိ ပထမပြန် စာမေးပွဲဖြေဆိုရန် စုပေါင်း သန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် သာသနာ့ဗိမာန်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိ ပထမပြန် စာမေးပွဲဖြေဆိုရန် စုပေါင်း သန့်ရှင်းရေးပြုလုပ်




MNP - မေ   ၃

ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်သာသနာ့ဗိမာန်တွင် ၂၀၂၂ ခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲဖြေဆိုရန် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၇ နာရီကပြုလုပ်ခဲ့ကြောင်း သိရ သည်။

စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ရပ်မိရပ်ဖများက မြို့နယ် သာသနာ့ ဗိမာန် တော်ကြီး အတွင်း အပြင် သန့်ရှင်းရေးများပြုလုပ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်အား ရောင်တော်ဖွင့်ခြင်း၊ သံဃာတော်များနားနေရန် အခန်းများအား သန့်ရှင်းသပ်ရပ်မှုရှိစေရန် ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ကြသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲကို လာမည့် မေလ(၇)ရက်နေ့တွင် စတင်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း - မိပေါင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)