MNP - မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မီးသတိပြုသုံးစွဲနိုင်စေရန်နှင့် မီးလောင်မှုများ မဖြစ်ပွားစေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိ ပညာပေးလုပ်ငန်းများအား မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လှည့် လည် နှိုးဆော်ခဲ့သည်။
အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မီးဖိုမီးသုံးစွဲပြီးပါက မီးကြွင်းမီးကျန်မရှိစေရေး စနစ်တကျငြိမ်းသတ်ကြရန်၊ လျှပ်စစ်မီးသုံးစွဲရာတွင်လည်း သတိပြုသုံးစွဲကြရန်၊ လျှပ်စစ် မီးကြိုးများ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးထားကြရန်၊ လျှစ်စစ်မီးသုံးစွဲပြီးသည့်အခါတိုင်း မီးခလုပ်များကို သေချာစွာ ပိတ်ထားကြရန်၊ အိမ်ပြင်ပသို့သွားလျှင် မီးမိန်းများကိုချထားကြရန်၊ နေအိမ်အတွင်းနှင့် နေအိမ်ပြင်ပတွင် မီးလောင်လွယ်သည့် အမှိုက်များကိုရှင်းထားကြရန်စသည့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မိဘပြည်သူများ ယခုအခါ ပူပြင်းခြောက်သွေ့သောအချိန်သို့ ရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါကလည်း အရေးပေါ်ဖုန်းနံပါတ် ၁၉၁၊ အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၁၃၆၄၀၀၇၀ သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
သတင်း - ဇွဲထက်ကို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment