သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲသီလက္ခန္ဓဝဂ္ဂ ပါဠိအဋ္ဌကထာ ဘာသာရပ်ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲသီလက္ခန္ဓဝဂ္ဂ ပါဠိအဋ္ဌကထာ ဘာသာရပ်ဆက်လက်ဖြေဆို

 


MNP - မေ   ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲ သီလက္ခန္ဓဝဂ္ဂ ပါဠိအဋ္ဌကထာ ဘာသာရပ်ကို ယနေ့မွန်းတည့် ၁၂ နာရီက သာယာဝတီမြို့၊ ကျိုက်ထိုဇောတိကာရုံပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။

 အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ၌ စာရင်းရှိစာဖြေသံဃာ အပါး( ၈၄ ) စာရင်းပေးထားပြီး ဖြေဆိုသံဃာ( ၇၃ )ပါး၊ သီလရှင်စာဖြေ အပါး ( ၁၀ ) စာရင်းပေးထားပြီး ဖြေဆို (၁၀) ပါး ဝင်ရောက်ဖြေဆိုကြောင်း စာမေးပွဲများကို ဩဝါဒစရိယဆရာတော်များ၊ အထူးကြီးကြပ်ရေး ဆရာတော် များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြပြီး ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

သာယာဝတီမြို့နယ်အတွင်း ဓမ္မာစရိယစာမေးပွဲကို ဧပြီ ၃၀ ရက်မှစတင်ဖြေဆိုရာ မေ ၉ ရက်နေ့ထိလည်းကောင်း၊ ပထမပြန်စာမေးပွဲကို မေ ၇ ရက်နေ့မှ မေ  ၁၃ ရက်ထိလည်းကောင်း ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်း - သန့်ဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)