MNP - မေ ၃
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဏ္ဍပ်များဆောက်လုပ်ရေးနှင့် အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲဝင် ဦးမြင့်စိုးက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မိမိတိုဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် စနစ်တကျဆောင်ရွက်စေလိုကြောင်း၊ မဏ္ဍပ်များ ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီမှ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးပေးစေလိုကြောင်းပြောကြားသည်။
ထိုနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေ များကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment