အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းနှင့်ပက်သက်သည့်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းနှင့်ပက်သက်သည့်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ



MNP - မေ   ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အိမ်တွင်းမှုပညာရပ်များနှင့် ပက်သက်သည့် သင်တန်းအသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းကဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် သင်ကြားပေးသည့်ဘာသာရပ်များ၊ ဖွင့်လှစ်မည့်သင်တန်း အချိန်များ၊  သင်တန်းသားအရည်အချင်းသတ်မှတ်ချက်နှင့် သင်တန်းမှရရှိမည့် အကျိုးကျေးဇူးများ ပါရှိပြီး အပတ်စဉ် (၈)ခုခွဲ၍ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ယင်းသင်တန်းများကို အိမ်တွင်းမှု ပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်နိုင်စေရန်နှင့် အမျိုးသား/အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန်နှင့် အိမ်တွင်းမှုသက်မွေး ပညာရပ်များတတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ပြည့်ဖြိုးသန့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)