ရွှေကူမြို့နယ်၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကူမြို့နယ်၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - မေ   ၃ 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း၌ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ပြည့်မှီကျော်လွန်အောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရန်အတွက် ရည်ရွယ်၍ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ရွှေကူမြို့နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရွှေကူမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ရွှေကူမြို့နယ်၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေရေးဆွဲရာတွင် ရွှေကူမြို့နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေးဦးတည်ချက် (၉)ရပ်နှင့် မဟာဗျူဟာများအပေါ် အခြေခံ၍ ရေးဆွဲထားခဲ့ပြီး ရွှေကူမြို့နယ်၏ ဦးစားပေး လုပ်ငန်းအစီအစဉ်များ၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ရွှေကူမြို့နယ်၏  ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ကျပ်သန်းပေါင်း  (၁၀၄၆၂၃ ဒဿမ ၂) နှင့်  စီးပွားရေးတိုးတက်မှုရာခိုင်နှုန်းမှာ ( ၃ ဒဿမ ၄ ) ရာခိုင်နှုန်း တိုးတက်ရရှိစေရန် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရွှေကူမြို့နယ်၏ စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရန်အတွက် ကဏ္ဍအသီးသီးတွင် တာဝန်ယူဆောင်ရွက်နေသည့် သက်ဆိုင်ရာမြို့နယ် ဌာနအဖွဲ့အစည်းများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများ အောင်မြင်စေရန် ယခင်နှစ်များမှ အားနည်းချက်၊ အားသာချက်များကို စိစစ်သုံးသပ်ပြီး ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ပြည့်မှီကျော်လွန်စေရန် အကောင်အထည်ဖော်ကြိုပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရွှေကူမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ     ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနများသို့ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို အသီးသီးတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)