MNP ၊ မေ ၄
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းရှိပြည်သူများ အန္တရာယ်ကင်းစေရန် သံဃာတော်အရှင်သူမြတ်တို့က ယနေ့ညနေ ပိုင်းက ပရိတ်တရားတာ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည် ။
ပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းကို မြို့နယ်အတွင်းပရဟိတ အဖွဲ့များကဦးဆောင်၍ သံဃာတော်များအား ပင့်ဖိတ်ပြီး ကားများဖြင့်စီးတန်းကာ မြို့ပတ်၍ ရွတ်ဖတ်ပူဇော်ခဲ့ရာ မြို့အတွင်း ရပ်ကွက်တိုင်း တစ်လမ်းဝင်တစ်လမ်းထွက် အန္တရယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ပရိတ်တရားရွတ်ဖတ်ပူဇော်ရာတွင် မြို့သူမြို့သားများက ပရိတ်ရေအိုးများပြုလုပ်၍ ပရိတ်အိုးမျာကို မိမိ၏နေအိမ်ရှေ့တွင်ထားကာ ပရိတ်ရွတ်ပြီးပါက ပရိတ်ရေအိုးမှ ရေများအား အန္တရာယ်ကင်းစေရန် မိမိနေအိမ်အနှံပတ်ဖျန်းကြကြောင်း သိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment