Pages

Pages

ကျိုက်မရောမြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ






MNP - မေ   ၂၉


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်၂၀၂၂ခုနှစ် မိုးရာသီအကြိုကာလ၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းသာယာစိုပြေစေရေး၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ ကိုဒေသခံပြည်သူများ ရရှိခံစားရစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈နာရီက အ.မ.က. (မူလွန်)သိမ်ဖြူကုန်းကျောင်းဝင်း အတွင်း၌ကျင်းပခဲ့သည်။


အဆိုပါမိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးအောင်မင်းသူနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊  အမျိုးသမီးရေးရာအဖွဲ့ဝင်များက နှစ်ရှည်ပင်များဖြစ်သည့် မန်ဂျန်ရှားအပင်(၁၀၀) မဟော်ဂနီ(၁၀၀)၊ ပျဉ်ကတိုးပင်(၁၀၀)  စသည့် ပျိုးပင်ပေါင်း၃၀၀ ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။


သတင်း - ချိုမြတ်မြတ်ထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment