ဂွမြို့ Community Centre ခန်းမတွင် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့ Community Centre ခန်းမတွင် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း ကျင်းပ






MNP ၊ မေ ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  Community Centre ခန်းမတွင်အင်္ဂလိပ်စာဘာသာရပ်ကို စိတ်ဝင်စားစေပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရန် ၊ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး စဉ်းစားတွေးခေါ်မှုများ ရင့်သန်လာစေရန်နှင့် စာကြည့်တိုက်အား အသုံးပြုတတ်လာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နေ့လည် ၁၁နာရီ အချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ ဂွမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဝန်ထမ်းများက အင်္ဂလိပ်စာ ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)