MNP - မေ ၄
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အီလက်ထရောနစ် မှတ်ပုံတင်စနစ်(E–ID)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း မှတ်တမ်းစာအုပ်(ပုံစံ နိုင်-၄) မှတ်တမ်းများအား Excel Format အသုံးပြု၍ ကွန်ပျုတာစာရင်း ရေးသွင်းခြင်း လုပ်ငန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို နောင်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် ယခင်ကျင်းပခဲ့သော ရွေးကောက်ပွဲမှ အမှားအယွင်းမျိုးများ မဖြစ်စေရေးအတွက် မဲစာရင်းများ ပြုစုရာတွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) တစ်ခုတည်းကိုသာ အခြေခံစာရင်းအဖြစ် မပြုလုပ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း (နိုင်-၄) ပုံစံကိုပါ အခြေခံစာရင်းအဖြစ် အသုံးပြုပြီး အပြန်အလှန်စစ်ဆေးနိုင်သည့် IT နည်းပညာအသုံးပြု၍ Software ရေးဆွဲကာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူကိုသာ မဲစာရင်းပြုစုရန်ရည်ရွယ်၍ မြို့နယ်လဝကရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းမှတ်တမ်းစာအုပ် (ပုံစံ နိုင်-၄) မှတ်တမ်းများအား Excel Format အသုံးပြု၍ ကွန်ပျုတာ စာရင်းရေးသွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းလုပ်ငန်းကို မေလ ၃ ရက်နေ့မှ စတင်၍ ရက်ပေါင်း(၆၀) အတွင်း အီလက်ထရောနစ် မှတ်ပုံတင်စနစ် (E–ID) ဖြင့်(ပုံစံ နိုင်-၄) မှတ်တမ်းများအား Excel Format အသုံးပြု၍ ကွန်ပျုတာ စာရင်းရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကွန်ပျုတာစာရင်း ရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးကြပ်၍ သက်ဆိုင်ရာ ဌာနဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့နယ်တွင် စာရင်းရေးသွင်းရမည့် လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း မှတ်တမ်းစာအုပ်(ပုံစံ နိုင်-၄) မှတ်တမ်း များအား Excel Format အသုံးပြု၍ ကွန်ပျုတာစာရင်းရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေးနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်လဝက ဦးစီးအရာရှိ ဦးကိုလေးအောင်က စာရင်းရေးသွင်းမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - စိုးလင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment