MNP - မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အသက်(၁၅)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (First Dose) ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်သူများအား (Booster Dose)ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွှေပြည်အေး (၁၁)ထပ်ဘုရားတန်ဆောင်း ဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြိုနယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများ ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသက်(၁၅)နှစ်နှင့်အထက် ပြည်သူ (၄၄)ဦးအား (First Dose)နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီ (၆)လပြည့်သူများကို (Booster Dose) ထိုးနှံပေးခဲ့ရာ ပြည်သူ (၇၂)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် စိစစ်ကြီးကြပ်ရေးတာဝန်ကျ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျန်းမာရေးမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ကာကွယ်ဆေးထိုးပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment