Pages

Pages

ကျောက်ဖြူမြို့၌ (၁၅၀)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ (နယ်ပယ်တိုင်းတာခြင်း အစီရင်ခံစာ) ပထမအကြိမ် အများပြည်သူနှင့် တွေ့ဆုံဆွေးနွေး




MNP ၊   ဇွန် ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဌာန(EPGE)နှင့် CNTIC VPOWER KY3 LIMITED တို့မှ တာဝန်ယူဆောင်ရွက်မည့် (၁၅၀)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓါတ်အား ပေးစက်ရုံ(ကျောက်ဖြူ)စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ(နယ်ပယ်တိုင်းတာ ခြင်း အစီရင်ခံစာ)ပထမအကြိမ် အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ အချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည်။

ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်က ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ  ဉပ‌ဒေ၊ နည်းဉပဒေများ၊ လုပ်ထုံးလုပ်နည်း များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် CNTIC VPOWER KY3 LIMITED ကုမ္ပဏီမှ (Associate Director, Sustainability) ဦးသပြေမျိုးဦးက (၁၅၀)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ(ကျောက်ဖြူ) စီမံကိန်းအကြောင်းအရာများနှင့်ပတ်သက်၍  နယ်ပယ်တိုင်းတာသတ် မှတ်ခြင်း အစီရင်ခံစာအားရှင်းလင်းတင်ပြခဲ့သည်။ 

 ဆက်လက်ပြီး Resource and Environment Myanmar Co., Ltd.(REM)အကြံပေးကုမ္ပဏီမှ    ဒေါ်ခင်ဥမ္မာထွေးမှ စီမံကိန်းနှင့်စပ်လျဉ်း၍ နယ်ပယ်သတ်မှတ်ခြင်းလေ့လာမှုနှင့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းစဉ်(EIA) လေ့လာမည့်အချက်များကို ရှင်းလင်းတင်ပြခဲ့ ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေ ကြားခဲ့သည်။ 

အဆိုပါအခမ်းအနားသို့  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၊ ကျောက်ဖြူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန စသည့်ဌာန ဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်‌ရေးမှူးများ၊ ပရဟိတလူမှုရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment