ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)အစီအစဉ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)အစီအစဉ်ကျင်းပ



MNP - ဇွန်   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show) အစီအစဉ်ကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။


အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က မိတ်ဆက်စကား ပြောကြားပြီး မူးယစ်အန္တရာယ်ရှောင်ရှားဖွယ် အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊  ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက မူးယစ်ဆေးဝါးသုံးစွဲလျှင် ဖြစ်ပေါ်လာမည့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း ဆိုးကျိုးလက္ခဏာများ၊  လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများကို  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဆွေးနွေးပါသည်။


ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ(Community Centre)ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး  Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)