Pages

Pages

ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်




MNP ၊ ဇွန် ၁၆

သထုံခရိုင်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည်  ဇွန်လ ၂၆ ရက်တွင်  ကျရောက်မည့်   အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်   အသိ ပညာပေး ဟောပြောပွဲ ၊ နံရံကပ်စာစောင်နှင့် စာ အုပ်ပြပွဲကို  ယနေ့  မွန်းလွဲ ၁ နာရီက  မြို့နယ်ရုံး Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ  ဦးစီး အရာရှိ ဒေါ်အေးမျိုးမျိုးစံက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူး ယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်  ဖြစ်ပေါ်လာနိုင် သည့် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုး များကို ပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြ သောကျောင်းသား၊ကျောင်းသူများအား မူးယစ် ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံ ကပ်စာစောင်များအား ကြည့်ရှူ့စေခြင်း၊ သုတ၊ ရသစာအုပ်များကို လေ့လာဖတ်ရှု့စေခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။


သတင်း - ထူးနောင်(ဘီးလင်း)

https://t.me/MyanmarNationalPost


No comments:

Post a Comment