MNP ၊ ဇူလိုင် ၂၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာမှ မြစ်ပါးပြိုမှုကြောင့် ကြိုတင်ဖြိုဖျက်ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၅)လုံးအတွက် သံတွဲခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန မှ ထောက်ပံ့ပေးသည့်ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ နံနက်က တောင်ကုတ် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ရာတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီး ဌာန ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်-၅၀၀၀၀ဝိ၊ လူဦးရေ(၂၀)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀ဝိ) စုစုပေါင်းထောက်ပံ့ငွေ(၅၄၂၀၀ဝိ)နှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော Family Kit (၅)ဘူးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment