MNP - ဇူလိုင် ၁၈
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် ဇွန်(၂၁)ရက်နေ့မှစတင်၍ ၂၀၂၂ခုနှစ်၊ မိုးရာသီ ကွင်းဖွင့်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ယခုအချိန်တွင် ကွာတားဖိုင်နယ်ပွဲစဉ်များ အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်(၁/၂)၊ ရပ်ကွက်(၃/၄)၊ ရပ်ကွက်(၅/၆)၊ ရပ်ကွက်(၇/၁၀)၊ ရပ်ကွက်(၈/၉)၊စိန်ဟိုင်း၊ ဂရမ်း၊ ပဝိန်၊ မြင်းကကုန်း၊ မလော့၊ ဘုရားချောင်း၊ သာပေါင်း၊ ငပိချောင်း၊ မင်းဂံ၊ သကံဝနှင့် ဆတ်ကျွန်း ရပ်ကွက်/ကျေးရွာ အသင်း (၁၆)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ကွာတားဖိုင်နယ်သို့ အုပ်စုပွဲများမှ ရပ်ကွက်(၁/၂)၊ ရပ်ကွက်(၃/၄)၊ ရပ်ကွက်(၅/၆)၊ ရပ်ကွက်(၇/၁၀)၊ ရပ်ကွက်(၈/၉)၊သာပေါင်း၊ ပဝိန်၊ ဘုရားချောင်း အသင်း (၈)သင်း တက်ရောက်ခဲ့ကြသည်။
ကွာတားဖိုင်နယ် ပွဲစဉ်များအား ဇူလိုင်(၁၆)ရက်နေ့မှ ဇူလိုင်(၁၉)ရက်နေ့ထိ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်အား ဇူလိုင်(၂၁)ရက်မှ (၂၂)ရက်နေ့အထိ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဇူလိုင်(၂၅)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အေးချမ်းပျော်ရွှင်စွာဖြင့် ပြိုင်ပွဲကျင်းပနိုင်ရေး မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးရယူ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှလည်း နေ့စဉ်တာဝန်ယူ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - မိုးစက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment