လားရှိုးမြို့တွင် ၂၀၂၂ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ၂၀၂၂ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - ဇူလိုင်  ၁၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မိုးလုံလေလုံအားကစားကွင်း၊ လေ့ကျင့်ရေးအားကစားရုံတွင် ယနေ့ နံနက်(၉)နာရီအချိန်က ၂၀၂၂ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးက ဘတ်စကက် ဘောပြိုင်ပွဲကျင်းပရခြင်းသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးတက်စေရေး၊ မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားသမားအချင်းချင်း ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့် ဘတ်စကက်ဘောအားကစားအဆင့်အတန်း တိုးတက်မြှင့်မားလာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက ပြိုင်ပွဲဝင် အသင်းတစ်သင်းလျှင် ဘောလုံး(၃) လုံးနှုန်းဖြင့် (တန်ဖိုးငွေကျပ်(၂၃)သိန်း) အားလည်းကောင်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က ဘင်ခရာအဖွဲ့အတွက် ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး လားရှိုးခရိုင်အမျိုးသမီးအသင်းနှင့် တောင်ကြီးခရိုင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲအား (၁၈-၇-၂၀၂၂)ရက်နေ့မှ (၂၅-၇-၂၀၂၂)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အမျိုသားအသင်း (၈)သင်းနှင့် အမျိုးသမီးအသင်း(၅)သင်း ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)