MNP - ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက်(၈)နာရီအချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အတွင်း၌ ပင်စင်လစာထုတ်ယူသူဦးရေ စုစုပေါင်း(၂၁၀၁) ဦးရှိပြီး နိုင်ငံရေးပင်စင်စား (၁၆၀) ဦး၊ ကာကွယ်ရေး ပင်စင်စား (၆၀၁)ဦး၊ မြို့ပြပင်စင်စား(၁၃၄၀)ဦးနှင့် ဘဏ်ပင်စင်စား(၁၀)ဦးရှိကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန် နေဂျာထံမှ သိရသည်။
အဆိုပါ ပင်စင်လစာငွေထုတ်ပေးခြင်းကို ယခုလတွင် မေလ(၂၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ၊ ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များတွင် နံနက်(၈)နာရီမှ နေ့လယ်(၂)နာရီထိ ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာငွေများ ထုတ်ပေးရာ တွင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ခိုင်နွယ်စိုးနှင့် တာဝန်ရှိသူများက ပင်စင်စားများအား စနစ် တကျ ထုတ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment