ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံလျက်ရှိ




MNP ၊  ဇူလိုင်  ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့်အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းကျောင်းနေပြင်ပကလေးသူငယ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကိုယနေ့နံနက်(၁၀)နာရီက သက်ဆိုင်ရာစုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ 

ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူ များနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပ ကလေးသူငယ်များအား (Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး၊ ဆေးထိုးနှံပြီးသည့်သူများကိုမိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မိဘအုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ဖြင့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ပထမအကြိမ်ကို ဇူလိုင်လ(၂၁)ရက်နေ့တွင်ကျောင်းသား/ကျောင်းသူစုစုပေါင်း(၁၄၇)ဦး ၊  ဒုတိယအကြိမ်ကို (၆၁၂)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး၊ ကျန်ရှိသော ကျောင်းသား/သူများကိုသတ်မှတ်ထားသော အခြေခံပညာကျောင်းများရှိ စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)