မင်္ဂလာဒုံမြို့နယ်တွင် အခြေခံငါးမွေးမြူရေးနှင့်ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်တွင် အခြေခံငါးမွေးမြူရေးနှင့်ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပ

 


MNP - ဇူလိုင်   ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားဝန်းအတွင်းရှိ ငါးလုပ်ငန်းစခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်နှစ်ပင်ဇုန်နှင့် ဒေသတွင်းငါးမွေးတောင်သူများအား အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသားဖောက်ခြင်းသင်တန်းနှင့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းအမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်မှူးဦးဇော်နိုင်လင်းမှ သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ သင်တန်းသား၊ သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသားတစ်ဦးဖြစ်သည့်ဦးမျိုးမြင့်ကျော်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဦးမြင့်စိုးမှ သင်တန်းဆင်းလက်မှတ်များ လက်ခံရယူခြင်းတို့ဆောင်ရွက်ကြပြီး အခမ်းအနားကို နံနက်(၁၀)နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။


သတင်း - မြတ်မွန်ခင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)