MNP - ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေး သင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းက ကျေးလက်ဒေသဖွံဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ လူမှုဘဝမြှင့်တင်ရေးအကြောင်း၊ စက်မှုလယ်ဦးစီးမှူး ဦးသီဟကျော်စွာက ဌာနလုပ်ငန်းစဉ်နှင့် လယ်ယာကဏ္ဍ၌ စက်မှုလယ်ယာစနစ် ပြည့်ဝစွာပြောင်းလဲကျင့်သုံးနိုင်ရေးအတွက်ကို လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်က စားသုံးသူ ကာကွယ်ရေးဥပဒေပါအကြောင်းအရာများနှင့် စားသုံးဆီပိုမိုသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာစုငွေလှိုင်က မွေးမြူရေးတိရစ္ဆာန်များနှင့် ကုသရေးလုပ်ငန်းအကြောင်းကိုလည်းကောင်း၊ မြို့နယ်ငါးလုပ်ငန်း ဒုတိယဦးစီးမှူးနော်ဝင်းဝင်းမေက ငါးသံယံဇာတ ထိန်းသိမ်းရေးအကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ် ဦးစီးမှူး ဦးကျော်စိုးမိုးက နိုင်ငံသားစိစစ်ရေးကတ်ပြားအကြောင်းနှင့် အိမ်ထောင်စုစာရင်းအကြောင်းကိုလည်းကောင်းနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းက လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေများအကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်သိန်းနိုင်က စပါးနှင့်ဆီထွက်သီးနှံများအကြောင်း အသီးသီး ပြောကြားခဲ့သည်။
ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူကြီးများ၏ သိလိုသည်များ သက်ဆိုင်ရာများက ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment