စလင်းမြို့ မကျီးထူးကျေးရွာတွင် ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးနှင့် လူထုအသိပညာပေး ဟောပြော၍ သံပုံးစွပ်မီးဖို(၁၂၃)လုံးအား အခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့ မကျီးထူးကျေးရွာတွင် ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးနှင့် လူထုအသိပညာပေး ဟောပြော၍ သံပုံးစွပ်မီးဖို(၁၂၃)လုံးအား အခမဲ့ဖြန့်ဝေ



MNP - ဇူလိုင်  ၁၈


မကွေးတိုင်းဒေသကြီး မင်ဘူးခရိုင် စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စလင်းမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောပြုန်းတီးမှုများ လျော့နည်းကျဆင်းစေရန် အပူဒဏ်ကာကွယ်ရေး သစ်တော သစ်ပင်များ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာကြစေရန်အတွက် ထင်းအစားအခြားလောင်စာများကို တိုးမြှင့်သုံးစွဲရေး လူထုအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် သံပုံးစွပ်မီးဖို(၁၂၃)လုံးကို မကျီးထူးကျေးရွာအား သတ်မှတ်၍ အိမ်ထောင်စု ၁၂၃ စုတို့ကို ယမန်နေ့နေ့လယ် ၃နာရီအချိန်က စလင်းမြို့ ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု မကျီးထူးကျေးရွာအား ကွင်းဆင်းဟောပြောပေး အပ်ခဲ့ကြောင်း သိရသည်။


ထိုသို့အသိပညာပေးဟောပြောပွဲတွင် စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေက သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သစ်တောမူဝါဒ (၆)ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်းက ကျေးရွာပြည်သူများအနေဖြင့် မြို့နယ်အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် သဘာဝတောများပြုန်းတီးမှုမရှိအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် သစ်တောစိုက်ခင်းများ စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များနှင့် အပူဒဏ်ကာကွယ်ရေးအတွက် သစ်တောသစ်ပင်များအား စည်းကမ်းမဲ့ခုတ်လှဲခြင်းများ ရှောင်ကြဉ်ကြရန်နှင့် ထင်းအစား အခြားလောင်စာသုံးစွဲပုံနည်းစနစ်များကို ဆွေးနွေးဟောပြောခဲ့သည်။


ထို့နောက် စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေနှင့် ဝန်ထမ်းများက ထင်းအစားအခြားလောင်စာသုံး စံပြကျေးရွာအဖြစ် ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု မကျီးထူးကျေးရွာအား အိမ်ထောင်စု (၁၂၃)စုတို့အတွက် စွမ်းအားမြှင့်သံပုံးစွပ်မီးဖို (၆၂) လုံးအား ၁၁.၇.၂၀၂၂ ရက်နေ့တွင်တစ်ကြိမ်၊ ၁၃.၇.၂၀၂၂ ရက်နေ့တွင် ထပ်မံပေးခဲ့ပြီး မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်း မှသံပုံးစွပ်မီးဖို (၆၁)လုံးအား ၁၇.၇.၂၀၂၂ ရက်နေ့က ထပ်မံပေးအပ်ခဲ့ရာ စုစုပေါင်း (၁၂၃)လုံးကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)