MNP - ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ခရိုင်အဆင့် ပြီး လျှင် မကွေးတိုင်းဒေသကြီးအဆင့်နှင့် နေပြည်တော်ဗဟိုအဆင့်ထိ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုလိုပြိုင်ပွဲများကို ကြိုတင်ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲများကျင်းပရာတွင် အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာကျောင်းများက အသက် (၁၅)နှစ်မှ (၂၀)နှစ်အတွင်း ဝါသနာရှင်အဆင့်နှင့် ပညာရှင်အဆင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပါဝင်ယှဉ်ပြိုင် နိုင်ရေးနှင့် ပြိုင်ပွဲအားလုံး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီဝင်များအားလုံးက ဝိုင်းဝန်းပူပေါင်းပြီး ကြိုးစားဆောင်ရွက်ပေးစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်တို့က ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်ပြီး အနာဂတ် မျိုးဆက်သစ်လူရည်ချွန်များ ပေါ်ထွန်း လာစေရေး၊ ပြိုင်ပွဲကျင်းပစဉ် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် လုံခြုံရေးဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင်များက ပြိုင်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားပြင်ဆင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ဧည်ခံကျွေးမွေးရေးနှင့် ပြိုင်ပွဲများကျင်းပရာတွင် လိုအပ်သော တူရိယာများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြ ခဲ့ကြပြီး တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုသည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - မောင်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment