MNP - ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်း(အနောက်ရပ်)ကျောင်းတွင် ဆက်လက်ထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း(၁၁၅)ဦး၊ အသက်(၁၂)နှစ်အထက်(၇၀)ဦး စုစုပေါင်း(၁၈၅)ဦးအား ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးကြပြီး ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက သတ်မှတ်နေရာသို့လိုက်ပါပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကောက်ယူခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment