MNP - ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီး ကျေးရွာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တောင်သူများသို့ ယမန်နေ့ နံနက်တွင် ဓာတ်မြေ ဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၂၁ ရက် နံနက် ၉ နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ကွင်းယားကြီးကျေးရွာရှိ တောင်သူများအား တစ်ဧကလျှင် တင်း (၁၀၀)နှုန်းထွက်ရှိရေးအတွက် တောင်သူများ သို့ ဓာတ်မြေဩဇာများ ပံ့ပိုးထောက်ပံ့ပေးခဲ့သည်။ ကွင်းယားကြီး ကျေးရွာသည် ပုသိမ်၊ ရန်ကုန်လမ်းမကြီး ဘေးတွင် တည်ရှိပြီး အများအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် ကရင်လူမျိုးများအများစု နေထိုင်ရာ ဒေသဖြစ်သည်။ ကွင်းယားကြီးကျေးရွာတွင် စိုက်ဧက(၁၀၀)ရှိရာ မိုးစပါး စိုက်ပျိုးပြီးဧက (၇၉)ဧက ဖြစ်ပြီး စိုက်ရန်(၂၁)ဧက ကျန်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် စုစုပေါင်း ဧက (၁၀၀)အတွက် ကွန်ပေါင်း ဓာတ်မြေဩဇာ (၁၀၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး ကောက်စိုက်ခများလည်း ပူးတွဲ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - မဇင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment