ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် လူငယ်နှင့်အားကစားအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် လူငယ်နှင့်အားကစားအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

 


 MNP - ဇူလိုင်   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်းတွင် အားကစားနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်းရွှေဝါထွန်း  ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)ကျောင်း၊ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက် များကို ပြောကြားခဲ့ပြီးနောက် မြို့နယ်အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်းက အားကစားပြုလုပ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့ပြီး အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ နည်းပြနည်းစနစ်မှူး ဒေါ်မြတ်နိုးသူက``လူငယ်နှင့်ခေါင်းဆောင်´´ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး အလေးမနှင့် ကာယဗလအသင်းဥက္ကဋ္ဌ ဦးမြင့်အောင်က ကာယဗလအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြော သရုပ်ပြသခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)၏ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၅၀ ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက် နားထောင်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)