MNP - ဇူလိုင် ၂၂
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် ဇွန်(၂၁)ရက်နေ့မှ စတင်၍ ၂၀၂၂ခုနှစ်၊ မိုးရာသီ ကွင်းဖွင့်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ဇူလိုင်(၂၁)ရက်နေ့ ညနေ (၃)နာရီတွင် ဘုရားချောင်းကျေးရွာအုပ်စုအသင်းနှင့် ပဝိန်ကျေးရွာအုပ်စု အသင်းတို့ ပြိုင်ဆိုင်မှု ပြင်းထန်းစွာဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ်အား ယှဉ်ပြိုင်ခဲ့ရာ ပွဲကစားချိန်တစ်လျှောက် သရေရလဒ်ဖြစ်ပေါ်ခဲ့ပြီး ပိုင်နယ်တီ အဆုံးအဖြတ်ဖြင့် ဘုရားချောင်းကျေးရွာအုပ်စုအသင်း အနိုင်ရရှိခဲ့သဖြင့် ဇူလိုင်(၂၅)ရက်နေ့တွင် ကျင်းပမည့် ဗိုလ်လုပွဲ ပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲအား ဇူလိုင်(၂၅)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ရပ်ကွက်(၁/၂)၊ ရပ်ကွက်(၃/၄)၊ ရပ်ကွက်(၅/၆)၊ ရပ်ကွက်(၇/၁၀)၊ ရပ်ကွက်(၈/၉)၊စိန်ဟိုင်း၊ ဂရမ်း၊ ပဝိန်၊ မြင်းကကုန်း၊ မလော့၊ ဘုရားချောင်း၊ သာပေါင်း၊ ငပိချောင်း၊ မင်းဂံ၊ သကံဝနှင့် ဆတ်ကျွန်း ရပ်ကွက်/ကျေးရွာ အသင်း(၁၆)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ကွာတားဖိုင်နယ်ပွဲစဉ်များသို့ ရပ်ကွက်(၁/၂)၊ ရပ်ကွက်(၃/၄)၊ ရပ်ကွက်(၅/၆)၊ ရပ်ကွက်(၇/၁၀)၊ ရပ်ကွက်(၈/၉)၊ ပဝိန်၊ သာပေါင်း၊ ဘုရားချောင်း ကျေးရွာအုပ်စု အသင်းများ တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်များသို့ ဘုရားချောင်း၊ ပဝိန်၊ သာပေါင်း၊ ရပ်ကွက်(၈/၉) အသင်းများ တက်ရောက်ခဲ့ကြသည်။
ဇူလိုင်(၂၁)ရက်နေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပဝိန်ကျေးရွာအုပ်စုအသင်းနှင့် ဘုရားချောင်းကျေးရွာအုပ်စု အသင်းတို့ယှဉ်ပြိုင်ကြရာ အနိုင်ရရှိခဲ့သည့် ဘုရားချောင်း ကျေးရွာအုပ်စုအသင်းသည် ယနေ့ယှဉ်ပြိုင် ကြမည့် သာပေါင်းကျေးရွာအုပ်စုအသင်းနှင့် ရပ်ကွက်(၈/၉)အသင်းတို့မှ အနိုင်ရရှိသည့် အသင်းနှင့် ဗိုလ်လုပွဲစဉ်အား ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အေးချမ်းပျော်ရွှင်စွာဖြင့် ပြိုင်ပွဲကျင်းပနိုင်ရေး မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးရယူ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှလည်း နေ့စဉ် တာဝန်ယူ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - မိုးစက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment