MNP - ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၊ ကျောင်းအုပ် ကြီးရုံးခန်း၌ ယမန်နေ့ နံနက်ပိုင်းက ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ ကံသာအေးမဟာစည်သာသနာ့ရိပ်သာ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဝါဆို သင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်ဟိန်းလတ် ဦးဆောင်၍ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော် အစရှိ သည်တို့ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ကံသာအေးဆရာတော်က ဝါဆိုသင်္ကန်းနှင့် ဆွမ်းကပ်လှူရခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများကို ဟောကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ကြွရောက် လာကြသည့် ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့အစိုးရ စက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ရီရီမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment