ရန်ကုန်ဝါးတားဘတ်စ် အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ပြေးဆွဲမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်ဝါးတားဘတ်စ် အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ပြေးဆွဲမည်




MNP - ဇူလိုင်  ၂၂


နှစ်နှစ်ကျော်ကာလရပ်နားထားသော YANGON WATER BUS ကိုအောက်တိုဘာ (၁) ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်‌ကြောင်း ယ‌မန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့ Hotel Melia ၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။


“ကျွန်မတို့ YANGON WATER BUS ကို ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အများပြည်သူအပန်းဖြေရန်ခရီးတို လမ်းကြောင်းများ လည်း ၇၅ ရာခိုင်နှုန်းရေးဆွဲပြင်ဆင်ပြီး နေကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ပြန်လည်ပြေးဆွဲနိုင်ရေး လုပ်ဆောင်လျက်ရှိပါတယ်” ဟု YANGON WATER BUS မှ Founder ဒေါ်တင့်တင့်လွင်က‌ ပြောသည်။


အဆိုပါ‌ ပြေးဆွဲမည့်ပဏာမလမ်းကြောင်းအဖြစ် ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ဆာပါချောင်၊ အံ့ကြီးမှတ်တိုင်များဖြစ်ပြီး ငွေပေးချေခြင်းအတွက် KPAY,CBPAY,WavePay တို့ အသုံးပြုသွားမည်ဖြစ်ကြောင်း အ‌ကောင်းဆုံးပြန်လည်၍ အများပြည်သူများအတွက် ဝန်‌ဆောင်မှု‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။   YANGON WATER BUS သည် ၂၀၁၇ အောက်တိုဘာမှ စတင်ပြေးဆွဲခဲ့‌ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)