မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ အတွင်းမိုးရေပြည့်လျှံမှု ဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ အတွင်းမိုးရေပြည့်လျှံမှု ဖြစ်ပွား



MNP - ဇူလိုင်   ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်လည်နေရာချထားရေး ရပ်ကွက်အတွင်းရှိ ရွှေနှင်းဆီအပိုင်နှင့် အေးသာယာအပိုင်တို့တွင် ယနေ့ နံနက်(၅)နာရီ အချိန်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်း မိုးရေပြည့်လျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ပြန်လည်နေရာချထားရေးရပ်ကွက်ရှိ ရွှေနှင်းဆီအပိုင် နေအိမ်များအတွင်းမိုးရေ ပြည့်လျှံသည့် အိမ်ခြေ (၁၃၀၀) ခန့်ရှိပြီး အေးသာယာအပိုင်အိမ်ခြေ (၅၀၀) ကျော်ခန့်ရှိသည်။


အဆိုပါ မိုးရေပြည့်လျှံသည့် နေအိမ်များအား အမှတ်(၂)ဆက်သွယ်ရေးအလုပ်ရုံမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ရေလွတ်သည့်နေရာများသို့ ပြောင်းရွှေ့နေရာချထား ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - မြတ်သူဇာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)