တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင်စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင်စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

 



MNP - ဇူလိုင်   ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် စစ်တုရင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဖလား (၃)ခရိုင်စစ်တုရင် ပြိုင်ပွဲကို ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။


ပြိုင်ပွဲကို အမျိုးသမီး အသက်(၂၅)နှစ်အောက်ပြိုင်ပွဲ၊ အမျိုးသား အသက်(၂၀)နှစ်အောက် ပြိုင်ပွဲနှင့် အမျိုးသား အလွတ်တန်းနှင့် အသက် (၂၅)နှစ်အောက် ပြိုင်ပွဲအမျိုးအစားများဖြင့် ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်(၃)ခုမှ ပြိုင်ပွဲဝင် အားကစားသမား(၃၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ စစ်တုရင်ပြိုင်ပွဲတွင် အားကစားသမား တစ်ဦးချင်းစီမှ ပြိုင်ပွဲ(၆)ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ အားလုံးရမှတ် စုစုပေါင်းဖြင့် ပထမ၊ ဒုတိယနှင့် တတိယဆုများ ရွေးချယ်ခဲ့ကြောင်း၊ ထို့အတူ အသင်းလိုက်အနေဖြင့်လည်း ပြိုင်ပွဲအားလုံးရမှတ် စုစုပေါင်းဖြင့် တံခွန်စိုက်ဆု ဖလားရရှိခဲ့ ကြောင်း သိရသည်။


ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုများ ရရှိကြသော အားကစားသမားများအား  လည်ဆွဲဆုနှင့်ငွေသားဆုများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အမျိုးသမီးအသက်(၂၅)နှစ် အောက်ပြိုင်ပွဲ၌ ထားဝယ်ခရိုင်အသင်း၊ အမျိုးသားအသက် (၂၀)နှစ် အောက်ပြိုင်ပွဲ၌ ထားဝယ်ခရိုင်အသင်းနှင့် အမျိုးသားအလွတ်တန်းနှင့်အသက် (၂၅)နှစ် အောက်ပြိုင်ပွဲ၌ မြိတ်ခရိုင်အသင်းတို့က တံစိုက်ဆုများ ရရှိခဲ့ကြပြီး ဆုရရှိကြသော အသင်းများအား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က တံခွန်စိုက်ဆုငွေနှင့် တံခွန်စိုက်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါ ပြိုင်ပွဲကို ဇူလိုင်(၂၀)ရက်မှ(၂၂)ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲမှ ထူးချွန်သော အားကစားသမားများကို တနင်္သာရီတိုင်းဒေသကြီး လက်ရွေးစင်အာကစားသမားများ ရွေးချယ်၍  စက်တင်ဘာလအတွင်းကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲသို့သွား ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။


သတင်း - ခိုင်ထူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)