MNP - ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း (ထန်းသုံးပင်)၌ (၁၄၀×၃၀)ပေ RC (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်က ကျင်းပ ပြုလုပ်ခဲ့သည်။
အ.ထ.က ထန်းသုံးပင် (၁၄၀×၃၀)ပေ RC (၂)ထပ်ကျောင်း ဆောင်သစ်မင်္ဂလာပန္နက်တင်ခြင်းကို မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြန်အောင် မြို့နယ်အုပ်ချပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်၊ အ.ထ.က ထန်းသုံးပင်ကျောင်းအုပ် ဆရာကြီး ဦးသိန်းဦး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များက ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မြေနေရာအား ပန္နက်ရိုက်ပေးခဲ့ကြသည်။
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ထန်းသုံးပင်) (၁၄၀×၃၀)ပေ RC (၂)ထပ်ကျောင်း ဆောင်သစ်ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဏာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး)ရန်ပုံငွေဖြင့် အလင်းရောင်သစ်ဆန်းကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဝင်းဗိုလ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment