ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်တံတား ဆောက်လုပ်မှုအခြေအနေ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်တံတား ဆောက်လုပ်မှုအခြေအနေ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု




MNP - ဇူလိုင်  ၂၂


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ယမန်နေ့ နံနက်က တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက် မည့် ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာကြီးကျေးရွာနှင့် ဆိပ်သာလေးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျုံလမု ချောင်းကူးတံတား (၁၂ဝပေ×၁၄ပေ) တည်ဆောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည် ဆောက်ရေးရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက တံတားဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။


ဆက်လက်၍ ဝန်ကြီးချုပ်က တံတားအရည်အ‌သွေး ပြည့်မီရေးနှင့် တည်‌ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီး‌ အောင် ဆောင်ရွက်နိုင်ရေး လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - မဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)