မိုင်းဆတ်မြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ သင်ခန်းစာ ပို့ချခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ သင်ခန်းစာ ပို့ချခြင်း အခမ်းအနားကျင်းပ



MNP - ဇူလိုင်   ၁၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ သင်ခန်းစာပို့ချခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်က အမျိုးသမီးများအား ခွဲခြားဖိနှိပ်ခြင်းဆိုင်ရာအချက်များ၊ အမျိုးသမီးများ၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆိုင်ရာဥပဒေများကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)မိုင်းဆတ်မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးလှဘုန်းက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေတို့ကိုလည်းကောင်း၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများ၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းဆိုင်ရာများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မူဝါဒ(၄) ဖြင့် ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းပို့ချခဲ့သည်။


ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)မိုင်းဆတ်မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးလှဘုန်းက ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း မှတ်တမ်း ကိုပေးအပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်မိမိခိုင်နှင့် တာဝန်ရှိသူတို့ကလက်ခံရယူခဲ့ပြီး သင်ခန်းစာပို့ချခြင်းကို ဇူလိုင်လ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့ထိပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မြင့်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)