အင်္ဂပူမြို့နယ် မြို့ကွင်းငဝန်မြစ်ကူး မီးရထားတံတားအောက်ခံဆင့်တုံးများ၊ တံတားကြမ်းခင်းများ ပြုပြင်ခြင်း၊ လဲလှယ်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီး၍ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ စတင်ဖြတ်သန်းသွားလာခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ် မြို့ကွင်းငဝန်မြစ်ကူး မီးရထားတံတားအောက်ခံဆင့်တုံးများ၊ တံတားကြမ်းခင်းများ ပြုပြင်ခြင်း၊ လဲလှယ်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီး၍ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ စတင်ဖြတ်သန်းသွားလာခွင့်ပြု




MNP - ဇူလိုင်   ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ ဆုံကုန်း‌ကျေးရွာအတွင်းရှိ မြို့ကွင်းငဝန်မြစ်ကူး မီးရထားတံတား အောက်ခံဆင့်တုံးများ၊ တံတားကြမ်းခင်းများ ပြုပြင်ခြင်း၊ လဲလှယ်ခြင်းလုပ်ငန်း ၉၀ရာခိုင်နှုန်းပြီးစီး၍ ယမန်နေ့ နံနက်ပိုင်းစတင်ပြီး မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ စတင်ဖြတ်သန်းသွားလာ ခွင့်ပြုခဲ့‌ကြောင်း သိရသည်။


အဆိုပါ မြို့ကွင်းငဝန်မြစ်ကူးမီးရထားတံတား (အဟောင်း)ကို ၁၉၀၅ ခုနှစ်မှ စတင် ဆောက်လုပ်ခဲ့ကြောင်း၊ တံတားအရှည်(၁၀၅၃)ပေ၊  အကျယ် (၁၁)ပေ၊ သံဘောင်ကွန်ကူရစ် တံတားဖြစ်ပြီး အောက်ခံဆင့်တုံးများ၊ တံတားကြမ်းခင်းများ ပြုပြင်ခြင်း၊ လဲလှယ်ခြင်းတို့အား မြန်မာ့မီးရထားတိုင်းအမှတ်(၉)၊ ဟင်္သာတမှ ဆောင်ရွက်မည်ဖြစ်ရာ ဆောင်ရွက်စဉ် ကာလအတွင်း အခက်အခဲမရှိ မြန်ဆန်စွာပြီးစီးနိုင်ရေးအတွက် ၂၀၂၂ ဇွန်လ ၂၀ရက်မှ ဇူလိုင် ၂၀ ရက်ထိ မြို့ကွင်းငဝန်မြစ်ကူးတံတား (အဟောင်း)ပေါ်တွင် မော်တော်ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားပြီး မီးရထားပြေးဆွဲမှုအား ပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် မော်တော်ယာဉ်များအား လမ်းလွဲအဖြစ် အင်္ဂပူ- ကွင်းကောက်-ခြောက်ရွာကားလမ်းမှ ယာဉ်များအား မောင်းနှင်အသုံးပြု သွားလာစေခဲ့ကြောင်း သိရသည်။


ယခုအခါ မြို့ကွင်းငဝန်မြစ်ကူး မီးရထားတံတားပြုပြင်ခြင်းလုပ်ငန်းအား ၉၀ ရာခိုင်နှုန်း ပြုပြင်ပြီးဖြစ်သဖြင့် ဇူလိုင် ၂၁ ရက်နေ့မှ ဩဂုတ် ၂၀ ရက်နေ့ထိ မော်တော်ယာဉ်များအား ယာယီဖြတ်သန်း သွားလာခွင့်ပြုမည်ဖြစ်ပြီး ဩဂုတ်၂၁ ရက်နေ့မှ စက်တင်ဘာ ၉ ရက်နေ့ထိ အချောသတ် ပြုပြင်ခြင်းလုပ်ငန်းများပြီးစီးပါက အပြီးသတ်ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)