ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးလွမ်းခြုံမှုရှိစေရန် ဒုတိယအကြိမ် (၆၀၆)ဦး ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးလွမ်းခြုံမှုရှိစေရန် ဒုတိယအကြိမ် (၆၀၆)ဦး ဆက်လက်ထိုးနှံပေး

 


MNP - ဇူလိုင်   ၂၇


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွမ်းခြုံမှုရှိစေရန် ပထမအကြိမ်ထိုးနှံပြီးသူ ကျောင်းသား/သူများ (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် အမှတ်(၁၃)ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် မလစ်ကျေးရွာအုပ်စုမှ အမှတ်(၁၆)၊ အမှတ်(၁၇)အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းသားသူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် (၉)နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါအခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ကျောင်းများအား ဇွန်လ(၂၆)ရက်နေ့တွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ‌ပထမအအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် (၄၄၄)ဦး၊ အမှတ်(၁၆)မူလတန်းကျောင်းမှ (၅၇)ဦး၊ အမှတ်(၁၇)မူလတန်းကျောင်းမှ (၁၀၅)ဦး စုစုပေါင်း (၆၀၆)ဦးအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခဲ့ပြီးနောက် ၎င်းကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံလိုက်ရသူ (၉၈)ဦးကို ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန် ကျန်ရှိနေသေးသည့် ကျောင်းသား/သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)