ငပုတောမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဝိုင်ယာကြိုးများ စနစ်တကျ သွယ်တန်းထားမှု ရှိ/ မရှိအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဝိုင်ယာကြိုးများ စနစ်တကျ သွယ်တန်းထားမှု ရှိ/ မရှိအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံစစ်ဆေး



MNP - ဇူလိုင်  ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် မြို့မဈေးတို့တွင် လျှပ်စစ်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ယမန် နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်စည်ပင်သာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးကျော်မင်းသန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြို့နယ်လျှပ်စစ်မှူး ဦးစိုးပိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးနှင့် မီးသတ်ဦးစီးမှူး ဦးပိုင်စိုးတို့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။  


ထို့သို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘုရားစေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် မြို့မဈေးတို့တွင် သွယ်တန်းထားရှိသော လျှပ်စစ်ဝိုင်ယာကြိုများ ချို့ယွင်းပျက်စီးနေပါက အသစ်လဲလည်ရန်၊ လျှပ်စစ်အသုံးဆောင်ပစ္စည်းများ၏ ဝန်အားမမျှတပါက အသုံးမပြုကြရန်၊ ဓာတ်တိုင်မှ မီတာအိမ်သို့ သွယ်တန်းထားရှိသော ဝိုင်ယာကြိုများ ပေါက်ပြဲနေပါက အမြန်ဆုံး လဲလှယ်ရန်၊ အရည်အသွေးကောင်းမွန်သော လျှပ်စစ်ပစ္စည်းများကိုသာ တပ်ဆင်အသုံးပြုကြရန်နှင့် လျှပ်စစ်အန္တရာယ်ကြောင့် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများအား ပေါ့ဆစွာ အသုံးမပြုကြရန် မှာကြားခဲ့ကာ လိုအပ်ချက်များကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)