နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး





 
MNP ၊ ဇူလိုင် ၂၁
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ(၁)နာရီတွင် ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အတူ ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ SMU သိရိမင်္ဂလာခန်းမ၌  မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတောင်သူများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တောင်သူများနှင့်တွေ့ဆုံရာတွင် လူမူစီးပွားဘဝ ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးစေရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်စေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူမှု ပတ်ဝန်းကျင်ကို အကျိုးပြုစေမည့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးနှင့်  တစ်နိုင်စိုက်ပျိုးမွေးမြူရေးမှသည် မိသားစုအားထားနိုင်သည့် စီးပွားဖြစ်လုပ်ငန်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တောင်သူများမှ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း၊ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တောင်သူများက စိုက်ပျိုးရေရရှိရေး၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ချဉ်းကပ်လမ်း ပြုပြင်ပေးရေး၊ ကျေးရွာတွင်း ကျောက်ချောလမ်းများနှင့် ကွန်ကရစ်လမ်းများ ခင်းကျင်းပေးနိုင်ရေး၊ ကျေးရွာတွင် အိမ်ထောင်စုများပြားလာသဖြင့် ထရန်စဖော်မာထပ်မံတပ်ဆင်ပေးနိုင်ရေး၊ ကျေးရွာချင်း ဆက်လမ်းရရှိရေး စသည့် လိုအပ်ချက်များကိုတင်ပြရာ သက်ဆိုင်သည့် ဌာနဆိုင်ရာများက လက်ရှိဆောင်ရွက် နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က  တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာန ဆိုင်ရာများ နှင့် ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများက ကွင်းဆင်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြုရေးကိုအခြေခံပြီး ဖွံဖြိုးတိုးတက်အောင် ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်း၊ နွေရာသီ တွင်နေကြာ၊ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်းနှင့် အခြားသီးနှံများ သီးထပ်သီးညှပ်များအဖြစ် စိုက်ပျိုးပြီး မိသားစုများ ဝင်ငွေများတိုးပွားရေးတို့အတွက် သက်ဆိုင်သည့်ဌာနဆိုင်ရာများက ကြိုတင်ပြင်ဆင်၍ ပူးပေါင်း ဆောင်ရွက်ကြမည့် အစီအမံများကိုလည်ပြန်လည်တင်ပေးစေလိုကြောင်း၊ သီနှံများအထွက်နှုန်းများ တိုးပွားရေး၊ ဒေသတွင်းဖူလုံရေးနှင့် ထုတ်လုပ်ရောင်းချနိုင်သည်အထိ ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်း သိရသည်။

သတင်း - အောင်ကိုကို
https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)