မအီမြို့တွင်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက်





MNP ၊  ဇူလိုင် ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်၍ ယနေ့ ၂၀၂၂-ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မအီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။


အဆိုပါ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မအီမြို့ရုံးမှ ဦးမောင်နီချေ(စာထောက်-၃)က အာဇာနည်‌ခေါင်းဆောင်ကြီးများ၏ အထ္တုပ္ပတ္တိ၊ အာဇာနည်ခေါင်းဆောင်(၉)ဦး၏ သမိုင်းအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရစကားများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည်နေ့ ဂုဏ်ပြုကဗျာများ စသည်တို့ကို ပြသဆောင်ရွက်ထားရှိပြီး ကျောင်းသူ/ကျောင်းသားများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြသည်။ ထိုသို့ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံတော်၏ နှစ်ပေါင်းတစ်ရာကျော်ကျရောက်ခဲ့သော သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ကျောင်းသား/ကျောင်းသူများ အနေဖြင့် မှတ်မှတ်ထင်ထင်ရှိနေစေရန်၊ ကျောင်းပြင်ပဗဟုသုတ ပိုမိုရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးမှုရှိစေရန်၊ ဉာဏ်ပညာထက်မြက်လာစေရန်၊ လိမ္မာယဉ်ကျေးပြီး ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူလေးများ ဗလ(၅)တန်ဖြင့် ပြည့်စုံလာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မအီမြို့ရုံးမှ ဦးမောင်နီချေ(စာထောက်-၃)က အသိပညာဗဟုသုတများရရှိနိုင်မည့် ပြပွဲကို ဆောင်ရွက်ပြသခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဖောပြပါ ပြပွဲသို့ မအီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းမှ Grade-7 အဆင့် ကျောင်းသား/ကျောင်းသူများမှ လာရောက်လေ့လာကြည့်ရှုခဲ့ကြပြီး မအီမြို့၊ ပြည်သူ့စာကြည့်တိုက်တွင် ကလေးစာဖတ်ခန်းကို သီးသန့်ဆောင်ရွက်ထားရှိပြီး ကလေးများအကြိုက်၊ ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်၊ စကားပုံဆက်ခြင်း၊ စက္ကူအရုပ်‌ခေါက်ခြင်းနှင့် စာဖတ်စွမ်းရည်စသည့် ပြိုင်ပွဲများကိုလည်း အခါအားလျော်စွာ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)