MNP - ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မိုးကောင်းကြီးကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများအား ဈေးကွက်အတွင်းသို့ ရာသီမရွေး လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်စေရေးနှင့် တောင်သူများ၏ စိုက်ပျိုးမြေဧကများသို့ အလွယ်တကူ သွားလာနိုင်ရေးတို့အတွက် မိုးကောင်းကြီးကျေးရွာတွင် ရွှေပြည်သစ္စာကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ပေးလျက်ရှိသော ကုန်ထုတ်လမ်းဖောက်လုပ်ပေးနေမှု အခြေအနေတို့ကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် ပြည်ထောင်စုဘတ်ဂျတ် ငွေလုံးငွေရင်းရန်ပုံငွေ ၅၆.၂၀၀ ကျပ်သန်းဖြင့် မိုးကောင်းကြီးကျေးရွာတွင် (၁/၀ မိုင် ×၁၂'×၂'×၉") ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းကို တင်ဒါအောင်မြင်ခဲ့သည့် ရွှေပြည်သစ္စာကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ပေးလျက်ရှိပြီး လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေတို့ကို စဉ့်ကူးမြို့နယ် လုပ်ငန်းစီမံကိန်းစစ်ဆေးရေးအဖွဲ့ ဒေါ်သီတာအေး-ဦးစီးအရာရှိ (နည်းပညာ)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးအောင်ကိုကိုဦး-ဦးစီးအရာရှိ (နည်းပညာ)နှင့် ဝန်ထမ်းများက (၂၂-၇-၂၀၂၂)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြပြီး သတ်မှတ်ရက်အတွင်း အချိန်မီပြီးအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်မှု ပြီးစီးပါက မိုးကောင်းကြီးကျေးရွာရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေဧက (၁၂၅၀)ကို လွှမ်းခြုံအကျိုးပြုနိုင်မည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးထံမှ သိရသည်။
သတင်း - တင်ဇာလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment