MNP - ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ အောင်ဇေယျဘက်စုံအားကစားကွင်းတွင် အထူးတန်း ပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်းကို ဇွန်လမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
အဆိုပါ အထူးတန်းပွဲကြည့်စင်ဆောက်လုပ်နိုင်ရန်အတွက် ယခင်တည်ဆောက်ထားသည့် ရိုးရိုး ပွဲကြည့်စင်သည် ပရိတ်သတ်အနည်းငယ်သာဝင်ဆံ့ပြီး ဟောင်းနွမ်းပျက်ဆီးနေခြင်းကြောင့် အထူးတန်းပွဲကြည့်စင် (RC)နှစ်ထပ် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပြီး ၎င်းလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၂၃၉)သန်းဖြင့် သုံးယိင်းဟွားဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - မြင့်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment