MNP - ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် (၆) နာရီတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။
အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေး လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း ၁၆၀၀ ကျော်ရှိကြောင်း မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်မှ သိရ သည်။
"အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပါတယ်။ ပင်စင်လစာငွေများကို လစဉ် ၂၁ ရက်နေ့ ကနေ လကုန်ရက်အထိ နံနက် ၆ နာရီ ကနေ နေ့လယ် ၁၂ နာရီ အထိထုတ်ပေးပါတယ်။ ယနေ့ နံနက် ၁၀ နာရီအချိန်ထိ အငြိမ်းစားဝန်ထမ်း (၆၀၀)ဦးလောက် ပင်စင်လစာထုတ်ပေးပြီးပါပြီလို့" အိမ်မဲမြို့နယ် မြန်မာ့ စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်စန်းစန်းကြိုင် ပြောကြားချက်အရ သိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment