MNP ၊ ဇူလိုင် ၂၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်တွင် တောင်ကုတ်တက္ကသိုလ်ဝင်း အတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှု ရေးအသင်းအဖွဲ့ဝင်များက စုပေါင်း၍ တက္ကသိုလ်ဝင်းအတွင်းရှိ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း ၊ ပန်းအလှ ပင် များစိုက်ပျိုးခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်နှင့်ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment