ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.က ရှိ ထောက်ပံ့ရန်လိုအပ်သည့် ကျောင်းသား/ ကျောင်းသူများအား ကျောက်ပန်းတောင်းတပ်နယ်မှူးမှ ကျောင်းဝတ်စုံစာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.က ရှိ ထောက်ပံ့ရန်လိုအပ်သည့် ကျောင်းသား/ ကျောင်းသူများအား ကျောက်ပန်းတောင်းတပ်နယ်မှူးမှ ကျောင်းဝတ်စုံစာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့လှူဒါန်း

              

MNP - ဇူလိုင်   ၂၂


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆက်လက်ပညာသင်ယူရန် ခက်ခဲမှုရှိ၍ ထောက်ပံ့ရန်လိုအပ်နေသည့် ကျောင်းသား/ကျောင်းသူများအား၊ ကျောက်ပန်းတောင်းတပ်နယ်မှူးမှ ကျောင်းဝတ်စုံ၊ စာအုပ်/စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို၊ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်က ထောက်ပံ့လှူဒါန်းရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးအတွက် ထောက်ပံ့ငွေ(၃၃၀၀၀၀)ကျပ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းထံပေးအပ်သည်။ ဆက်လက်၍ ထောက်ပံ့ရန်လိုအပ်နေသည့် ကျောင်းသား/ကျောင်းသူ(၁၁)ဦးတို့အား ကျောင်းဝတ်စုံ၊ ဗလာ



စာအုပ်၊ ဘောလ်ပင်၊ လွယ်အိတ်များကို တစ်ဦးချင်းပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ကျောင်းသား/ ကျောင်းသူများနှင့် ပညာရေးမိသားစုကိုယ်စား မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ တပ်နယ်မှူးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အခြေခံပညာကျောင်း အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ယူနေပြီး ဆက်လက်၍ ကျောင်းတက်ရန်အခက်အခဲဖြစ်ပေါ်နေသည့် ကျောင်းသား၊ ကျောင်သူ(၁၁)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ အခမ်းအနားသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်၊ မြို့နယ်ပညာရေးမှူးဒေါ်မော်မော်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းနှင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)